ႏိုင္ငံေက်ာ္ မင္းသား ဇဏ္ခီ ေျပာတဲ့ အလုပ္ၿပီးေျမာက္ျခင္းရဲ႕တန္ဘိုး

အလုပ္ၿပီးေျမာက္ျခင္းရဲ႕တန္ဘိုး

ကိုယ္တာဝန္ယူၿပီးလုပ္တဲ့အလုပ္တစ္ခုၿပီးေျမာက္ဖို႔ဆိုတာ တကယ္ေတာ့ ဘယ္သူ႔အတြက္မွမဟုတ္ဘူး။ ကိုယ့္အတြက္ပဲျဖစ္တယ္။ ကိုယ့္ ဂုဏ္သိကၡာအတြက္။ ကိုယ့္ကိုယ္ကို ေလးစားမႈရွိႏိုင္ဖို႔ ယံုၾကည္မႈရွိႏိုင္ဖို႔။

က်ေနာ္တို႔ ျမန္မာျပည္ျပန္ေရာက္ခါစက US နဲ႔ ျမန္မာျပည္ၾကား အသြားအလာရွိတဲ့ အန္ကယ္ႀကီးတစ္ေယာက္က သတိေပးဖူးတယ္။ “တို႔ႏိုင္ငံကလူေတြက mood နဲ႔ အလုပ္လုပ္တာ” တဲ့။ “အဲဒါေလးေတာ့သတိေလးထားေစခ်င္တယ္” တဲ့။ သူေျပာတာကို သိပ္နားမလည္ခဲ့ဘူး။

အလုပ္ေတြတကယ္လုပ္ၾကည့္ေတာ့မွ တကယ္ဟုတ္မွန္းေတြ႕လာရတယ္။ အားလံုးေတာ့မဟုတ္ဘူး ဒါေပမယ့္ မနည္းေသာအေရအတြက္ရွိတဲ့လူေတြက “ထိလြယ္ ရွလြယ္” မ်ားတယ္။ တစ္ခုခု ထင့္ခနဲဆို ဟင့္ခနဲပဲ။ ေနာက္ေန႔အလုပ္မလာေတာ့ဘူး။ ဒီအလုပ္ကိုငါဘာပဲျဖစ္ျဖစ္ ဘယ္လိုပဲျဖစ္ျဖစ္ ၿပီးေျမာက္ေအာင္လုပ္မယ္လို႔ မေတြးထားတဲ့သေဘာမွာေတြ႕ရတယ္။ Goal မရွိဘူး။ ေပ်ာ္ရင္လုပ္မယ္ မေပ်ာ္ရင္လစ္မယ္။

တစ္ျခားလူေတြဘယ္လို က်န္ခဲ့က်န္ခဲ့ “Not my problem anymore” ပဲ။ အဲ့ဒီ့ စိတ္ေနစိ္တ္ထား (attitude) ဟာ တစ္ေယာက္တစ္ေလဆီမွာဆိုရင္ျပသနာမဟုတ္ဘူး အမ်ားစုမွာျဖစ္လာရင္ society တစ္ခုအေနနဲ႔ တိုးတက္မႈအတြက္ ေတာ္ေတာ္ေႏွးေကြးေစလိမ့္မယ္။ ေနရာတိုင္း ႏိုင္ငံတိုင္းမွာ အလုပ္ခြင္အသီးသီးေတြမွာ အားလံုးၿပီးျပည့္စံုတဲ့အလုပ္ဆိုတာ မရွိသေလာက္ရွားတယ္။ အဆင္မေျပမႈတစ္ခုမဟုတ္တစ္ခုေတာ့ရွိၾကတာပါပဲ။

Boss က သေဘာမေကာင္းတဲ့အလုပ္။ Manager အေပါက္ၾကမ္းတဲ့အလုပ္။ လုပ္အားခနည္းတဲ့အလုပ္။ ေနရာေဝးတဲ့အလုပ္ စသည္ျဖင့္ေပါ့။ က်ေနာ့္ အေတြ႕အၾကံဳအရ ေျပာတာပါ။ US က အလုပ္ေတြလည္း ဒီလိုပါပဲ။ ဒါေပမယ့္ က်ေနာ္မေတြ႕ခဲ့ရတာက moody ျဖစ္တဲ့ ထိလြယ္ရွလြယ္တဲ့သူေတြ ျမန္မာျပည္ေလာက္မ်ားတာကိုပါပဲ။ အဓိကအေၾကာင္းအရင္းကိုေတြးၾကည့္ရမယ္ဆိုရင္ Attitude နဲ႔ Goal ရွိမရွိ ကြာတယ္လို႔ထင္တယ္။

– Attitude က “ငါဒီအလုပ္ကိုၿပီးေအာင္လုပ္မယ္” “ငါဒီအလုပ္ခြင္မွာ ငါ့နာမည္ထြက္တဲ့အထိလုပ္မယ္” “ငါ့လုပ္ေဖၚကိုင္ဖက္ေတြလွည့္ၾကည့္စရာမလိုေစရဘူး”..

– Goal က “ပိုက္ဆံဘယ္ေလာက္ဘဏ္ထဲစုမိတဲ့အထိ” “အေတြ႕အၾကံဳဘယ္ေလာက္ရတဲ့ထိ” “ရာထူးဘယ္ေလာက္ေရာက္တဲ့အထိ” စသည္ျဖင့္ေပါ့။

အဲ့ဒီလို attitude နဲ႔ goal ေတြရွိရင္ work ethics က ေအာ္တိုပါလာလိမ့္မယ္လို႔ထင္ပါတယ္။ “Dreams without goal are just dreams” လို႔ မင္းသားႀကီး Denzel Washington တစ္ခါေျပာတာမွတ္ခဲ့ဖူးတယ္။

ေနာက္တစ္ခုက ၾကားဖူးၾကမွာပါ။ အေနာက္ႏိုင္ငံေတြမွာ ၁၈ ႏွစ္ျပည့္ရင္ မိဘအိမ္ကေနဆင္းၾကၿပီး ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ဖို႔ႀကိဳးစားၾကရတယ္ဆိုတာေလ။ သူတို႔ႏိုင္ငံကမိဘေတြလည္းဒီႏိုင္ငံကလိုပါပဲ သူတို႔သားသမီးေတြကို ဘယ္သြားေစခ်င္မလဲ။ ဒါေပမယ့္ သူတို႔ကိုယ္တိုင္လည္းဒီလမ္းကိုေလွ်ာက္ခဲ့တယ္။ သူတို႔သားသမီးေတြကိုလည္း ဒီလမ္းကိုေပးေလွ်ာက္ဖို႔လိုတယ္ဆိုတာကိုသိလို႔ လုပ္ၾကတယ္။

Independent ျဖစ္ဖို႔လိုအပ္တယ္ဆိုတာသိလို႔ ေပးဆင္းၾကတယ္။ ဆင္းၿပီဆိုရင္ ကိုယ္ေနရမယ့္ေနရာကိုယ္ရွာရတယ္။ အခန္းခတစ္ေယာက္ထဲမႏိုင္ရင္ အခန္းေဖၚ room mate ရွာရတယ္။ ေနဖို႔ စားဖို႔ အတြက္ အလုပ္ရွာရတယ္။ ေက်ာင္းတက္ေနတဲ့ကာလဆိုေတာ့ full time လုပ္လို႔မရေတာ့ part time အလုပ္ေတြရွာၾက လုပ္ၾကရတယ္။ လစဥ္ အသံုးစရိတ္ေတြအလွ်င္မွီဖို႔အတြက္ အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္ၾကရသလို ေက်ာင္းမွာအမွတ္ေကာင္းဖို႔အတြက္ စာကိုလည္းႀကိဳးစားသင္ယူရတယ္။ ဒါ သူတို႔ရဲ႕ ပုံမွန္ဘဝ။ က်ေနာ္ ကိုယ္တိုင္လည္းအဲ့လိုဘဝမ်ိဳးနဲ႔ ႀကီးပ်င္းခဲ့တယ္။ ခက္တယ္ ဒါေပမယ့္ တန္တယ္။

အခ်ိန္ရဲ႕တန္ဘိုး ေငြရဲ႕တန္ဘိုး အထူးသျဖင့္ အလုပ္ၿပီးေျမာက္ျခင္းရဲ႕တန္ဘိုး ကိုလက္ေတြ႕သိခြင့္ရတယ္။ ကိုယ့္တာဝန္ကိုယ္အျပည့္အဝယူရတဲ့အတြက္ ကိုယ္လုပ္ကိုယ္ခံပဲ။ သူတို႔ဆီကမိဘဆီျပန္ေျပးရမွာကိုပိုရွက္ ပိုေၾကာက္ၾကတဲ့အတြက္ ကိုယ့္တာဝန္ကို ေက်ေအာင္လုပ္ၾကတယ္။

အလုပ္ခြင္ေတြမွာ အလုပ္သမားရပိုင္ခြင့္ေတြအျပည့္ရွိသလို အလုပ္ရွင္ဖက္ကလဲ တာဝန္မေၾကတဲ့ဝန္ထမ္းကို suspend လုပ္ခြင့္ အလုပ္ထုတ္ခြင့္ အျပည့္ရွိၾကတယ္။ တကယ္လဲ အဲ့ဒီ့ေနရာမွာေတာ့ မညႇာဘူး။ အလုပ္ကို ၅မိနစ္ ေနာက္က်တယ္ေနာ္။ ဟုတ္ၿပီ..တစ္ခါ ကေန ႏွစ္ခါ။ ႏွစ္ခါကေနသံုးခါဆိုရင္ အလုပ္ျပဳတ္ဖို႔ေတာ္ေတာ္နီးေနၿပီ။ အစကတည္းက မႀကိဳးစားတဲ့သူဆိုရင္ေတာ့ျပဳတ္ၿပီ။ ျပဳတ္ရင္ တိုင္အႀကီးအက်ယ္ပတ္ၿပီ။ အိမ္လခ၊ မီးေဘ၊ ဖုန္းေဘ၊ အင္တာနက္ေဘ၊ credit card ေဘ၊ အစားအေသာက္စရိတ္ အကုန္ကိုယ့္ေခါင္းေပၚမွာ။

ဆိုေတာ့ အလုပ္ကို တေလးတစားလုပ္တတ္တဲ့ စိတ္ဓါတ္ကငယ္စဥ္ကတည္းက ႐ိုက္သြင္းၿပီးသား။ Society အေနနဲ႔လဲပဲ ဒါဟာ normal standard ျဖစ္ေနေတာ့ သူတို႔ဆီကလူေတြ ေတာ္ေတာ္မ်ားမ်ားဟာ အလုပ္အရမ္းႀကိဳးစားၾကတယ္။

က်ေနာ့္ဘဝမွာ ဘာမွႀကီးႀကီးက်ယ္က်ယ္ ဆုေတြ ဂုဏ္ျပဳလႊာေတြ ဘာမွမရဖူးပါဘူး။ ေက်ာင္းတုန္းကလဲ စာအသင့္သင့္ပဲေတာ္ခဲ့ပါတယ္။ ဒါေပမယ့္ တကယ္လက္ေတြ႕ဘဝမွာ က်ေနာ္တာဝန္ယူတဲ့အလုပ္ကို ဘယ္ေတာ့မဆိုၿပီးေအာင္လုပ္တယ္။ အေကာင္းဆံုးႀကိဳးစားၿပီးလုပ္တယ္။

တစ္ခ်ိဳ႕အလုပ္ေတြဆိုရင္ ေသခ်င္ေစာ္နံေအာင္ စိတ္ညစ္စရာေကာင္းတဲ့အလုပ္ေတြလဲပါတယ္ ဒါေပမယ့္ ၿပီးေအာင္လုပ္ခဲ့တယ္။ ဒီတစ္ခ်က္က က်ေနာ္ကိုယ့္ကိုယ္ကို ေလးစားလို႔ရတဲ့အခ်က္ပဲ။ တစ္ျခားလူေတြနဲ႔ တြဲလုပ္ၿပီဆိုရင္လဲ သူတစ္ပါးယံုလို႔ရတဲ့လူတစ္ေယာက္အျဖစ္နဲ႔ ကိုယ့္ကိုယ္ကိုအာမခံရဲတယ္။ အလုပ္ၿပီးေျမာက္ျခင္းရဲ႕ ရလဒ္ပါ။

Zenn Kyi

Unicode version

အလုပ်ပြီးမြောက်ခြင်းရဲ့တန်ဘိုး

ကိုယ်တာဝန်ယူပြီးလုပ်တဲ့အလုပ်တစ်ခုပြီးမြောက်ဖို့ဆိုတာ တကယ်တော့ ဘယ်သူ့အတွက်မှမဟုတ်ဘူး။ ကိုယ့်အတွက်ပဲဖြစ်တယ်။ ကိုယ့် ဂုဏ်သိက္ခာအတွက်။ ကိုယ့်ကိုယ်ကို လေးစားမှုရှိနိုင်ဖို့ ယုံကြည်မှုရှိနိုင်ဖို့။

ကျနော်တို့ မြန်မာပြည်ပြန်ရောက်ခါစက US နဲ့ မြန်မာပြည်ကြား အသွားအလာရှိတဲ့ အန်ကယ်ကြီးတစ်ယောက်က သတိပေးဖူးတယ်။ “တို့နိုင်ငံကလူတွေက mood နဲ့ အလုပ်လုပ်တာ” တဲ့။ “အဲဒါလေးတော့သတိလေးထားစေချင်တယ်” တဲ့။ သူပြောတာကို သိပ်နားမလည်ခဲ့ဘူး။

အလုပ်တွေတကယ်လုပ်ကြည့်တော့မှ တကယ်ဟုတ်မှန်းတွေ့လာရတယ်။ အားလုံးတော့မဟုတ်ဘူး ဒါပေမယ့် မနည်းသောအရေအတွက်ရှိတဲ့လူတွေက “ထိလွယ် ရှလွယ်” များတယ်။ တစ်ခုခု ထင့်ခနဲဆို ဟင့်ခနဲပဲ။ နောက်နေ့အလုပ်မလာတော့ဘူး။ ဒီအလုပ်ကိုငါဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ပြီးမြောက်အောင်လုပ်မယ်လို့ မတွေးထားတဲ့သဘောမှာတွေ့ရတယ်။ Goal မရှိဘူး။ ပျော်ရင်လုပ်မယ် မပျော်ရင်လစ်မယ်။

တစ်ခြားလူတွေဘယ်လို ကျန်ခဲ့ကျန်ခဲ့ “Not my problem anymore” ပဲ။ အဲ့ဒီ့ စိတ်နေစိ်တ်ထား (attitude) ဟာ တစ်ယောက်တစ်လေဆီမှာဆိုရင်ပြသနာမဟုတ်ဘူး အများစုမှာဖြစ်လာရင် society တစ်ခုအနေနဲ့ တိုးတက်မှုအတွက် တော်တော်နှေးကွေးစေလိမ့်မယ်။ နေရာတိုင်း နိုင်ငံတိုင်းမှာ အလုပ်ခွင်အသီးသီးတွေမှာ အားလုံးပြီးပြည့်စုံတဲ့အလုပ်ဆိုတာ မရှိသလောက်ရှားတယ်။ အဆင်မပြေမှုတစ်ခုမဟုတ်တစ်ခုတော့ရှိကြတာပါပဲ။

Boss က သဘောမကောင်းတဲ့အလုပ်။ Manager အပေါက်ကြမ်းတဲ့အလုပ်။ လုပ်အားခနည်းတဲ့အလုပ်။ နေရာဝေးတဲ့အလုပ် စသည်ဖြင့်ပေါ့။ ကျနော့် အတွေ့အကြုံအရ ပြောတာပါ။ US က အလုပ်တွေလည်း ဒီလိုပါပဲ။ ဒါပေမယ့် ကျနော်မတွေ့ခဲ့ရတာက moody ဖြစ်တဲ့ ထိလွယ်ရှလွယ်တဲ့သူတွေ မြန်မာပြည်လောက်များတာကိုပါပဲ။ အဓိကအကြောင်းအရင်းကိုတွေးကြည့်ရမယ်ဆိုရင် Attitude နဲ့ Goal ရှိမရှိ ကွာတယ်လို့ထင်တယ်။

– Attitude က “ငါဒီအလုပ်ကိုပြီးအောင်လုပ်မယ်” “ငါဒီအလုပ်ခွင်မှာ ငါ့နာမည်ထွက်တဲ့အထိလုပ်မယ်” “ငါ့လုပ်ဖေါ်ကိုင်ဖက်တွေလှည့်ကြည့်စရာမလိုစေရဘူး”..

– Goal က “ပိုက်ဆံဘယ်လောက်ဘဏ်ထဲစုမိတဲ့အထိ” “အတွေ့အကြံုဘယ်လောက်ရတဲ့ထိ” “ရာထူးဘယ်လောက်ရောက်တဲ့အထိ” စသည်ဖြင့်ပေါ့။

အဲ့ဒီလို attitude နဲ့ goal တွေရှိရင် work ethics က အော်တိုပါလာလိမ့်မယ်လို့ထင်ပါတယ်။ “Dreams without goal are just dreams” လို့ မင်းသားကြီး Denzel Washington တစ်ခါပြောတာမှတ်ခဲ့ဖူးတယ်။

နောက်တစ်ခုက ကြားဖူးကြမှာပါ။ အနောက်နိုင်ငံတွေမှာ ၁၈ နှစ်ပြည့်ရင် မိဘအိမ်ကနေဆင်းကြပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ကြိုးစားကြရတယ်ဆိုတာလေ။ သူတို့နိုင်ငံကမိဘတွေလည်းဒီနိုင်ငံကလိုပါပဲ သူတို့သားသမီးတွေကို ဘယ်သွားစေချင်မလဲ။ ဒါပေမယ့် သူတို့ကိုယ်တိုင်လည်းဒီလမ်းကိုလျှောက်ခဲ့တယ်။ သူတို့သားသမီးတွေကိုလည်း ဒီလမ်းကိုပေးလျှောက်ဖို့လိုတယ်ဆိုတာကိုသိလို့ လုပ်ကြတယ်။

Independent ဖြစ်ဖို့လိုအပ်တယ်ဆိုတာသိလို့ ပေးဆင်းကြတယ်။ ဆင်းပြီဆိုရင် ကိုယ်နေရမယ့်နေရာကိုယ်ရှာရတယ်။ အခန်းခတစ်ယောက်ထဲမနိုင်ရင် အခန်းဖေါ် room mate ရှာရတယ်။ နေဖို့ စားဖို့ အတွက် အလုပ်ရှာရတယ်။ ကျောင်းတက်နေတဲ့ကာလဆိုတော့ full time လုပ်လို့မရတော့ part time အလုပ်တွေရှာကြ လုပ်ကြရတယ်။ လစဉ် အသုံးစရိတ်တွေအလျှင်မှီဖို့အတွက် အလုပ်ကို ကြိုးကြိုးစားစားလုပ်ကြရသလို ကျောင်းမှာအမှတ်ကောင်းဖို့အတွက် စာကိုလည်းကြိုးစားသင်ယူရတယ်။ ဒါ သူတို့ရဲ့ ပုံမှန်ဘဝ။ ကျနော် ကိုယ်တိုင်လည်းအဲ့လိုဘဝမျိုးနဲ့ ကြီးပျင်းခဲ့တယ်။ ခက်တယ် ဒါပေမယ့် တန်တယ်။

အချိန်ရဲ့တန်ဘိုး ငွေရဲ့တန်ဘိုး အထူးသဖြင့် အလုပ်ပြီးမြောက်ခြင်းရဲ့တန်ဘိုး ကိုလက်တွေ့သိခွင့်ရတယ်။ ကိုယ့်တာဝန်ကိုယ်အပြည့်အဝယူရတဲ့အတွက် ကိုယ်လုပ်ကိုယ်ခံပဲ။ သူတို့ဆီကမိဘဆီပြန်ပြေးရမှာကိုပိုရှက် ပိုကြောက်ကြတဲ့အတွက် ကိုယ့်တာဝန်ကို ကျေအောင်လုပ်ကြတယ်။

အလုပ်ခွင်တွေမှာ အလုပ်သမားရပိုင်ခွင့်တွေအပြည့်ရှိသလို အလုပ်ရှင်ဖက်ကလဲ တာဝန်မကြေတဲ့ဝန်ထမ်းကို suspend လုပ်ခွင့် အလုပ်ထုတ်ခွင့် အပြည့်ရှိကြတယ်။ တကယ်လဲ အဲ့ဒီ့နေရာမှာတော့ မညှာဘူး။ အလုပ်ကို ၅မိနစ် နောက်ကျတယ်နော်။ ဟုတ်ပြီ..တစ်ခါ ကနေ နှစ်ခါ။ နှစ်ခါကနေသုံးခါဆိုရင် အလုပ်ပြုတ်ဖို့တော်တော်နီးနေပြီ။ အစကတည်းက မကြိုးစားတဲ့သူဆိုရင်တော့ပြုတ်ပြီ။ ပြုတ်ရင် တိုင်အကြီးအကျယ်ပတ်ပြီ။ အိမ်လခ၊ မီးဘေ၊ ဖုန်းဘေ၊ အင်တာနက်ဘေ၊ credit card ဘေ၊ အစားအသောက်စရိတ် အကုန်ကိုယ့်ခေါင်းပေါ်မှာ။

ဆိုတော့ အလုပ်ကို တလေးတစားလုပ်တတ်တဲ့ စိတ်ဓါတ်ကငယ်စဉ်ကတည်းက ရိုက်သွင်းပြီးသား။ Society အနေနဲ့လဲပဲ ဒါဟာ normal standard ဖြစ်နေတော့ သူတို့ဆီကလူတွေ တော်တော်များများဟာ အလုပ်အရမ်းကြိုးစားကြတယ်။

ကျနော့်ဘဝမှာ ဘာမှကြီးကြီးကျယ်ကျယ် ဆုတွေ ဂုဏ်ပြုလွှာတွေ ဘာမှမရဖူးပါဘူး။ ကျောင်းတုန်းကလဲ စာအသင့်သင့်ပဲတော်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့ဘဝမှာ ကျနော်တာဝန်ယူတဲ့အလုပ်ကို ဘယ်တော့မဆိုပြီးအောင်လုပ်တယ်။ အကောင်းဆုံးကြိုးစားပြီးလုပ်တယ်။

တစ်ချို့အလုပ်တွေဆိုရင် သေချင်စော်နံအောင် စိတ်ညစ်စရာကောင်းတဲ့အလုပ်တွေလဲပါတယ် ဒါပေမယ့် ပြီးအောင်လုပ်ခဲ့တယ်။ ဒီတစ်ချက်က ကျနော်ကိုယ့်ကိုယ်ကို လေးစားလို့ရတဲ့အချက်ပဲ။ တစ်ခြားလူတွေနဲ့ တွဲလုပ်ပြီဆိုရင်လဲ သူတစ်ပါးယုံလို့ရတဲ့လူတစ်ယောက်အဖြစ်နဲ့ ကိုယ့်ကိုယ်ကိုအာမခံရဲတယ်။ အလုပ်ပြီးမြောက်ခြင်းရဲ့ ရလဒ်ပါ။

Zenn Kyi

Leave a Reply

Your email address will not be published. Required fields are marked *