၇ ရက်သားသမီးများအတွက်14-3-2019 မှ 20-3-2019 အထိ ၁ ပတ်စာကံကြမ္မာ ဟောစာတမ်း
ကံကြမ္မာ
တနင်္ဂနွေ
တနင်္လာ….
အင်္ဂါ
ဗုဒ္ဓဟူး/ရာဟု
ကြာသပတေး
သောကြာ
စနေ
14.3.2019 မှ 20.3.2019 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေ
ဒီကာလအတွင်းစိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။ ပျော်စရာခရီးတွေ၊ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းရပါလိမ့်မယ်။
မိသားစုနဲ့အတူ ချစ်ရသူတွေနဲ့အတူ အပန်းဖြေခရီးလေးတွေကို သွားရပါလိမ့်မယ်။
ကျန်း မာရေးကတော့အထူးကောင်းပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အားနည်းနေသူတောင်၊မိမိအတွက်သင့်တော်
တဲ့သမားတော်နဲ့တွေ့ရတတ်ပါတယ်။ ငွေရွှင်နေလိမ့်မယ်။ အဓိကတော့ အလုပ်တွေကအဆင်ပြေတော့ကျွဲကူးရေပါ ဆိုသလိုဝင်ငွေလဲကောင်းပါလိမ့်မယ်။
ဒီလိုကာလတွေမှာ မိဘတွေ အထက်လူကြီးတွေကို မထေ့မဲ့မြင် မလုပ်မိပါ နဲ့။ အထက်လူကြီးတွေချစ်အောင်နေလေ
အဆင်ပြေလေဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်သောခရီးတိုလေး တွေသွားရတတ်ပါတယ်။ အိမ်ပြုပြင်ခြင်းများ၊ အိမ်သစ်စတင်အုတ်မြစ်ချခြင်းများလဲအထူးကောင်းပါတယ်။
အချစ် ရေးမှာတော့ အဆင်ပြေပါလိမ့်မယ်။ အဖြေတောင်းထားတဲ့ချစ်သူထံမှအဖြေရလာတတ်ပါတယ်။အိမ်ထောင်ရေးက
တော့ အကောင်းများပါတယ်။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေခဲ့တာတွေရှိရင် ပြေလည်မှုတွေရလာတတ်ပါတယ်။
ပညာရေးကတော့ အကောင်းများပါတယ်။ အိမ်နဲ့အဝေးတစ်နေရာမှာပညာသင်ကြားခွင့်တွေရလာတတ်ပါတယ်။
အကျိုးပေးဂဏန်း 1/3/7……အထူးဟော စိတ်ချမ်းသာပျော်ရွှင်ရမည်။…ယတြာ…..အုန်းထမင်း ဆွမ်းချက်ပြီး ဘုရားကပ်ပါ။
တနင်္လာ….
ဒီကာလအတွင်း မိမိအတွက်ရှေ့တိုးရခက်ခဲတဲ့ကိစ္စတွေကြုံလာရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး တော့လဲလုပ်သလောက်မခံစားရတတ်ပါဘူး။
အလုပ်ကပင်ပန်းတာမျိုးကြုံရပေမဲ့ အသိအမှတ်အပြုမခံရတာမျိုး တွေ အထူးကြုံနေရလိမ့်မယ်။ ပေါ့ပေါ့နေ၊ပေါ့ပေါ့စားသူများကတော့ ပိုမိုဒုက္ခရောက်တတ်တဲ့ကာလပါပဲ။
အရာရာ ကိုလေးလေးနက်နက်ထားပါ။ ပြီးစလွယ်မလုပ်လိုက်ပါနဲ့၊ရှယ်ယာအလုပ်များ အထူးပဲအဆင်မပြေဖြစ်ရတတ်ပါ တယ်။
ကတိမတည်တဲ့သူတွေ၊သစ္စာမရှိသူတွေကြောင့်လဲ မိမိပါဒုက္ခရောက်ရတတ်ပါတယ်။ စိတ်ဓာတ်ညံ့ဖျင်းတဲ့ သူတွေကို
အာမခံပေးတာမျိုးမလုပ်မိပါစေနဲ့။ ဖြစ်ချင်တာတွေကိုပဲ အလေးမပေးဘဲ ဖြစ်သင့်တာတွေကိုလဲ ဦးစား ပေးလိုက်ပါ။
ကျန်းမာရေးကတော့ အနည်းငယ်တော့ အားနည်းနေတာကိုတွေ့ရပါတယ်။ ကူးစက်ရောဂါတွေဖြစ် လွယ်တဲ့ အတွက် မိမိကိုယ်တိုင်က
ကိုယ်ခံအားကောင်းအောင်နေပါ။ အချစ်ရေးကိစ္စတွေကတော့ အခက်အခဲမရှိ အဆင်ပြေနေတတ်ပါတယ်။အိမ်ထောင်ကတော့
ပြဿနာအလွန်များတဲ့ကာလတွေလို့ပဲ မှတ်ချက်ချရပါလိမ့်မယ်။ သည်းခံပါလို့ပြောချင်ပါတယ်။
ပညာရေးကတော့ ထင်သလောက်မလွယ်တဲ့ အနေအထားမျိုးတွေ့ရပါတယ်။ အကျိုးပေးဂဏန်း 1/2/4……အထူးဟော ကံအားနည်းနေသည်။…ယတြာ…….ငွေ၂၀၀ခန့် ပံ့သကူပစ်လိုက်ပါ။
အင်္ဂါ
အရာရာကို ဖြေးဖြေးမှန်မှန်သာလုပ်သွားပါ။ သေချာပေါက်လိုချင်တဲ့ပန်းတိုင်ကို ရောက်ပါလိမ့်မယ်။ အလော တကြီးလုပ်တာ၊အလောတကြီးဆုံးဖြတ်ချက်ချတာမျိုးတွေလဲ
ရှောင်လိုက်စေချင်ပါတယ်။ အသစ်တစ်ခုခု လုပ်မိတယ်ဆိုရင်အဆုံးအရှုံးများတတ်ပါတယ်။ လမ်းဟောင်း၊အလုပ်ဟောင်းတွေကိုသာ တိုးတတ်အောင်ကြိုးစား ပါ။
ငွေကြေးနဲ့ပက်သက်ပြီး ရယူလိုစိတ်ထက်ပေးကမ်းလိုစိတ်ကို အထူးမွေးမြူလိုက်ပါ။ ဈေးရောင်းသူများ ကိုယ် ချင်းစာစိတ်လေးတွေနဲ့ရောင်းကြည့်လိုက်ပါ။
ဒါမှလဲအဆင်ပြေပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့ ထင်ထိုင်း မပေါက်တာလေးတွေရှိနေတတ်ပါတယ်။
ငွေတိုးပေးစားသူများ အဆုံးအရှုံးများနိုင်တဲ့ကာလအပိုင်း အခြားလဲဖြစ်ပါ တယ်။
ကျန်းမာရေးကို စိတ်ပူစရာမလိုသေးတဲ့ကာလလဲဖြစ်ပါတယ်။ ကျန်းမာရေးအတွက် စိတ်ချမ်းသာရတတ်တဲ့ ကာလပါပဲ။
အချစ်ရေးမှာတော့ လူငယ်တွေထက် အရွယ်လွန်မှကြုံရတဲ့ အရွယ်လွန်အချစ်ဆိုတာမျိုးကြုံရတတ်ပါ တယ်။
အိမ်ထောင်ရေးကတော့ ထင်သလောက်အဆင်မပြေနိုင်သေးပါ။ တကျက်ကျက် စကားများရနိုင်တဲ့ကာလ ပါပဲ။
ပညာရေးကိုတော့ မိမိကိုယ်တိုင်က ကြိုးစားချင်စိတ်တွေကပဲ အဓိကကျတယ်လို့ထင်ပါတယ်။ အကျိုးပေးဂဏန်း 2/3/5…..အထူးဟော ကံသင့်ပါတယ်။…
.ယတြာ….. ခရေပန်း/ခရေညွန့်ဘုရားကပ်လှူလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီလိုနေ့မျိုးမှာတော့ အပေါင်းအသင်းများတဲ့သူ၊မိတ်ဆွေများတဲ့သူတွေကတော့ ပိုမိုအဆင်ပြေတတ်ပါတ ယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့
ထင်ထားသည်ထက်ပိုမိုဝင်ငွေကောင်းနေတတ်ပါတယ်။ လုပ်ငန်းတွေလဲ အဆင်ပြေတိုးတတ်မဲ့ အနေအထားတွေကို တွေ့ရပါတယ်။
ကိုယ်ပိုင်လုပ်ငန်းများ ဝန်ထမ်းတွေရဲ့ ကြိုးစားမှု ကြောင့် သိသိသာသာ တိုးတတ်ပါလိမ့်မယ်။ လခစား ဝန်ထမ်းများလုပ်ဖော်ကိုင်ဖက်တွေရဲ့
ချစ်ခင်လေးစားထောက်ခံမှု ကြောင့်နေရာကောင်းရလာတတ်ပါတယ်။ ရာထူးတိုးစာမေးပွဲဖြေထားသူများ
၊အင်တာဗျုးဖြေထားသူများ ရလဒ် ကောင်းသတင်းကောင်းတွေကြားလာရတတ်ပါတယ်။
ပွဲစားအလုပ်များ၊ဝန်ဆောင်မှုအလုပ်များ၊ မီဒီယာအလုပ်များ အဆင်ပြေတိုးတတ်မှုတွေကြုံရတတ်ပါတယ်။ တကယ်တော်တဲ့အောက်လက်ငယ်သားတွေကိုလဲချီးမြှောက်တတ်ဖို့
လိုပါတယ်။ ငွေစုဆောင်းလိုသူများ စတင်ဘဏ်စာရင်းဖွင့်ပြီးတော့ စုဆောင်းလိုက်ပါ။ ကျန်းမာရေးကတော့
အထူး ကောင်းနေတတ်ပါတယ်။ ဆေးဝါးများစတင်မှီဝဲလို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။
အချစ်ရေးအဆင်ပြေမည်။ အိမ်ထောင်ရေးလဲ အညံ့မရှိသလောက်ပါပဲ။ ပညာရေးကတော့ ကြိုးစားမှပဲအဆင်ပြေပါလိမ့်မယ်။
အကျိုးပေးဂဏန်း 3/6/8…..အထူးဟော အလုပ်ကံ၊စီးပွားကံမြင့်မားနေမည်။…ယတြာ ….ဆေးဝါးဒါနလုပ်ပါ။
ကြာသပတေး
ဒီကာလအတွင်း နီးနီးနားနားထက် အဝေးမှာပိုမိုအကျိုးပေးတာကိုတွေ့ရပါတယ်။ ဒါကြောင့် ရပ်ဝေးက စီးပွားရေးတွေပိုမိုတိုးတတ်ပါလိမ့်မယ်
။ငွေကြေးနဲ့ပက်သက်ပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေမှားနိုင်ပါတယ်။ ကုန်လှောင် ခြင်းများလဲ အထူးသတိထားလိုက်ပါ။ ဒီလိုနေ့တွေမှာ သားသမီးတွေကို အလိုမလိုက်မိဖို့လိုပါတယ်။
သားသမီးပူ ဆာတာတွေ ဝယ်ပေးရတာနဲ့ငွေကုန်ကြေးရများသွားရတတ်ပါတယ်။ ခရီးဝေးတွေလဲသွားနေရတတ်ပါတယ်။
စိတ်ပါဝင်စားစွာနဲ့ အလုပ်စီးပွားတွေကို လုပ်ကိုင်မှအဆင်ပြေပါလိမ့်မယ်။ အောက်လက်ငယ်သားတွေကိုလဲ ကျော သားရင်သားမခွဲခြားဘဲ ဆက်ဆံတတ်ဖို့လိုအပ်ပါတယ်။
ဒီလိုကာလတွေမှာတော့ ဆရာသမား၊အကြီးအကဲတွေရဲ့ အဆုံးအမကိုခံယူနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ အားနည်းချက်လေးတွေရှိနေတတ်ပါတယ်။
ပင်လယ်စာ များ သတိထားစားပါ။ သွေးသွင်းတာမျိုးလဲ စီစစ်ပြီးမှသွင်းသင့်ပါတယ်။ အချစ်ရေးကတော့ အရာရာဆရာကြီးလုပ် တဲ့ချစ်သူကို သည်းခံပေးလိုက်ပါ။
အိမ်ထောင်ရေးနဲ့ပက်သက်ပြီးအညံ့အဆိုးနည်းနေတတ်ပါတယ်။ပညာရေးမှာ တော့ရပ်ဝေးမှာပညာရပ်အသစ်တွေသွားရောက်သင်ကြားခွင့်တွေရလာတတ်ပါတယ်။
အကျိုးပေးဂဏန်း 7/4/5…..အထူးဟော စိတ်လေလွင့်နေတတ်ပါတယ်။….ယတြာ …..သပြေပန်းဘုရားကပ်လှူဆုတောင်းပါ။
သောကြာ
ဒီကာလအတွင်း စိတ်ဝင်စားစရာကိစ္စတွေများနေတတ်ပါတယ်။ ဒါကြောင့်ပဲ ဘာလုပ်ရမှန်းမသိဖြစ်ရတတ် ပါတယ်။
ဒါကြောင့်အရေးကြီးတာကို အလေးပေးလုပ်ကိုင်လိုက်ပါ။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲအထူးသတိ ထားရပါလိမ့်မယ်။ ငွေချေးမိလိုက်ရင်ပြန်ရဖို့ကြန့်ကြာသွားတတ်ပါတယ်။
ငွေပေးငွေယူကိစ္စများ အငြင်းပွားဖွယ်ရာ ကြုံရတတ်ပါတယ်။ လူငယ်များ အပျော်လွန်ရာမှပြဿနာတတ်ရတတ်ပါတယ်။
ညဉ့်နက်သန်းခေါင်ထိ အပြင်မှာ နေတာမျိုးတတ်နိုင်သလောက်ရှောင်လိုက်စေချင်ပါတယ်။ ဒီလိုကာလတွေမှာ တတ်နိုင်သ၍ဆိတ်ဆိတ်နေပါ။
အသံကြောင့်ဖားသေဆိုတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။
ကိုယ်ပိုင်အလုပ်များ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ကိုယ့်ဝန်ထမ်းတွေကိုတော့ မောက်မောက်မာမာမဆက်ဆံမိအေင် နေထိုင်တတ်ဖို့လိုပါတယ်။
ကျန်းမာရေးကတော့ သင့်ရုံပါပဲ။ အကောင်းအဆိုးမျှပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီးတော့ ချစ်သူရဲ့ပူဆာတာကို ဝယ်ပေးနေရတတ်ပါ တယ်။
အိမ်ထောင်ရေးနဲ့ပက်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။
ပညာရေးကတော့ ချင့်ချိန်တတ်ဖို့လိုပါတယ်။ ပညာရှာလို့ ပညာသင်ပေးလို့မကောင်းတဲ့ကာလပါပဲ။အကျိုးပေးဂဏန်း 1/5/6….အထူးဟော
အရေးကြီးတာကို ဦးစားပေးလုပ်ကိုင်ပါ။…ယတြာ …..ဒီကာလအတွင်း သစ်သီးတွေဘုရားကပ်ပါ။
စနေ
ဒီကာလအတွင်းမိမိဖြစ်ချင်တာတွေ အလေးပေးလုပ်ဆောင်နိုင်ပါလိမ့်မယ်။ နိုင်ငံခြားနဲ့ပက်သက်ဆက်နွယ် သောအလုပ်များ နိုင်ငံရပ်စီးပွားရှာခြင်းများ အဆင်ပြေမဲ့ကာလပါပဲ။
ရပ်ဝေးမှာချဲ့ထွင်ထားတဲ့ အလုပ်တွေအထူးပဲ အဆင်ပြေပါလိမ့်မယ်။ ဆွေမျိုးသားချင်းထက် တစိမ်းတရံတွေကပိုမိုအကျိုးပေးတာမျိုးတွေ့ရပါတယ်။
ငွေကြေးနဲ့ ပက်သက်ပြီးတော့လဲ ရပိုင်ခွင့်၊ကြန့်ကြာနေတဲ့ငွေကြေးတွေပြန်လဲရရှိတတ်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး
အနာရောဂါများ၊ထိခိုက်ရှနာများ ခွဲစိပ်ကုသလို့ အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးအတွက်စိတ်ချမ်းသာရ ပါလိမ့်မယ်။
ဒီကာလအတွင်း ဘာသာရေးနှင့် ပက်သက်သော အလှူအတန်းတွေကြုံရတတ်ပါတယ်။
စိတ်ချမ်းသာ စရာခရီးကောင်းတွေလဲ သွားရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုလဲ ချမှတ် နိုင်ပါလိမ့်မယ်။
အချစ်ရေးကတော့ ချစ်သူခင်သူတွေအတွက် အချိန်ပေးရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပက် သက်ပြီး အိမ်ထောင်ဘက်ဆီကအကြံဉာဏ်ကောင်းတွေရလာတတ်ပါတယ်။
ပညာရေးမှာတော့ ဒီလိုကာလမျိုးမှာ အတွေးသစ်၊စိတ်ကူးသစ်တွေရပါလိမ့်မယ်။အကျိုးပေးဂဏန်း 2/6/7……အထူးဟော ကံမြင့်မားနေမည်။…ယတြာ….. နွားနို့ဘုရားကပ်လှူပါ။
၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ…..။
ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ ) viber only -09775555695
Leave a Reply
Your email address will not be published. Required fields are marked *