အောင်လအန်ဆန်ရဲ့ စိတ်ထားကို တွေ့လိုက်ရတဲ့ နံရိုးကျိုးသွားတဲ့ ပြိုင်ဘက်ဆီသို့ စာတစ်စောင်

စာတစ်စောင်

အောင်လအန်ဆန်ရဲ့ စိတ်ထားကို တွေ့လိုက်ရတဲ့ နံရိုးကျိုးသွားတဲ့ ပြိုင်ဘက်ဆီသို့ စာတစ်စောင်

သူလဲ ကိုယ်လဲ ထိုးရတဲ့ လက်ဝှေ့ နပန်းပွဲဆိုပေမယ့် တကယ်တော့ ထိုးသတ်သူတွေဟာ တစ်ယောက် နဲ့ ၁ ယောက် ဘာ ရန်ညိုးရန်စမှ မရှိကြပါဘူး။

ပရော်ဖက်ရှင်နယ်အရ၊ အသက်မွေးဝမ်းကြောင်းအရ ထိုးသတ်ကြရပေမယ့် ဒီလက်ဝှေ့နပန်းသမားတွေရဲ့ ရင်ထဲမှာ အဖြူထည်တွေပါ။

ပြီးခဲ့တဲ့ အပတ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ Aung La Nsang နဲ့ ဂျပန်နိုင်ငံသား Ken တို့ထိုးသတ်ကြရာ Ken က အောင်လရဲ့ကန်ချက်တွေကြောင့် နံရိုးကျိုး သွားသဖြင့် ခွဲစိတ်ခံယူမှုပြုလုပ် လိုက်ရတယ်။

ဒီပွဲမှာ အောင်လအန်ဆန်က ဒုတိယအချီ ၄ မိနစ်နဲ့ ၄၁ စက္ကန့်မှာ ဂျပန်နိုင်ငံသား ကမ် ကို အလဲထိုး ပွဲသိမ်းခဲ့ပါတယ်။

ကန်ချက် ဘယ်လောက် ပြင်းသလဲဆိုရင် နံရိုး ၂ ချောင်းကျိုးပြီး အဆုတ်အတွင်းမှာ သွေး ၂ လီတာလောက် ယိုစိမ့်မှု ဖြစ်ပွားခဲ့တယ်လို့ ကမ် ကိုယ်တိုင် ဝန်ခံသွားပါတယ်။

ပွဲပြီး ၂၄ နာရီအတွင်းမှာ ဒီသတင်းထွက်ပေါ်လာပြီး မြန်မာပရိတ်သတ်တွေကြားမှာ ဂျပန်ကို အနိုင်ရလိုက်ပေမယ့် အပြည့်အဝမပျော်လိုက်ကြရပါဘူး။

ဒါကြောင့် ပရိတ်သတ်တွေဟာ ဂျပန်ကစားသမား Ken Hasegawa အတွက် ဝမ်းနည်းကြောင်းတွေ မျှဝေခဲ့ပါတယ်ရ။

ထိုအထဲမှာ သူနိုင်ကိုယ်နိုင် ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်းကတော့ အခုလို သူ့ရဲ့ ရင်ထဲက စကားနဲ့ ပြိုင်ဘက်ကို ပြောကြားလာပါတယ်။

“””ကျွန်တော့်မိတ်ဆွေ Ken Hasegawaအမြန်ဆုံးပြန်လည်ကျန်းမာဖို့ဆုတောင်းပါတယ်။ခင်ဗျားကအရင်ထက်ပိုသန်မာတဲ့ကစားသမားဖြစ်လာမယ်ဆိုတာ ကျွန်တော်သိတယ်။

ပြီးတော့ကျွန်တော်ကို ပြိုင်ဖက်ကောင်းတစ်ယောက်အဖြစ်ရော ပိုကောင်းတဲ့ဖိုက်တာတစ်ယောက်ရောဖြစ်စေခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ကြံ့ခိုင်မှူနဲ့ဆာမူရိုင်းဆန်တဲ့စိတ်ဓါတ်ကိုလည်း လေးစားရပါတယ်

ပြီးခဲ့တဲ့ပွဲတွေမှာခင်ဗျားနဲ့အတူပရိသတ်ကိုတင်ဆက်ခွင့်ရတဲ့အတွက်လည်းတကယ်ပဲဂုဏ်ယူပါတယ်။ကျွန်တော်တို့ပြောခဲ့သလိုပဲ ခင်ဗျားနဲ့ကျွန်တော်တို့ကြားမှာဆူရှီကျွေးဖို့အကြွေးကျန်သေးတယ်။

နောက်တစ်ခေါက်ပြန်ဆုံကြမယ်သူငယ်ချင်း။ ဒါပေမယ့်ဒီတစ်ခေါက်တော့ ကြိုးဝိုင်းအပြင်မှာပဲဆုံကြတာပေါ့။

Wishing Ken Hasegawa a speedy recovery. I know you will come back stronger than ever and thank you for making me a better martial artist and competitor. I respect your toughness and your samurai spirit. I am truly honored to share the cage with you. That being said, we still owe each other a sushi 🍣 dinner. See you soon my friend but not in the cage.””””

ပရောဖက်ရှင်နယ် ပီသကြတဲ့ ကစားသများအားလုံးကို လေးစားချစ်ခင်လျှက်ပါ

Leave a Reply

Your email address will not be published. Required fields are marked *