အသဲတျခမ္းလီွးထားျပီး တလဘဲ ခံေတာ့မယ္ ေျပာတဲ႔လူနာေတာင္ က်န္းမာလာလို႔ မွ်ေ၀ပါတယ္

အသဲေျခာက္ၿပီး ေရျဖင္းဆြဲ

အသဲေျခာက္ၿပီး ေရျဖင္းဆြဲ ေရာဂါအတြက္ ေဆးေကာင္းတခြက္

အသဲဆရာဝန္ႀကီး နဲ႔ ကုေနတာ အသဲလည္း တျခမ္လွီးထားၿပီးၿပီ တလဘဲ ခံေတာ့မယ္ ေျပာပါတယ္။

အခု ပံုပါ ေရႊႏြယ္ အပင္ကို ၃ခြက္ ၁ခြက္ ၾကိဳေသာက္တာ ေတာ္ေတာ္ႀကီး ၿပန္လည္ က်န္းမာ လာတာ ကိုယ္ေတြ႕မို႔ ၿပန္လည္ ေ၀မၽေပးလိုက္ပါတယ္။

ဒီအပင္ကေတာ့ ရွားတယ္ေျပာတယ္။ Tin Aung

အသည္းနဲ ့သက္ဆိုင္တဲ့သူမ်ားအတြက္ အထူးစိတ္ဝင္စားစရာ ေကာင္းတဲ့ ႏြယ္ပင္ပါ။ အညႊန္ ့အရြက္အႏုတို ့စား ရင္ေတာင္ အရြယ္တင္ႏုပ်ိဳေစတယ္လို ့လည္း ဆိုထားပါတယ္။ ေရႊႏြယ္ပင္တြယ္ကပ္ေပါက္ရာ အပင္၏ ရသမွာလည္း ေရႊႏြယ္ပင္အေပၚ သက္ေရာက္မႈရွိတယ္လို ့ ဆိုထားပါတယ္။

ဂုဏ္ႏွင့္စြမ္းရည္

၄င္းေဆးေရႊႏြယ္သည္ ခ်ိဳ၏။ ထက္ျမက္၏။ သည္းေျခႏွင့္စပ္လ်ဥ္းေသာ ေရာဂါမ်ားကို ႏိုင္နင္း၏။

ေရာဂါအလိုက္အသံုးျပဳပံု

အသည္းေရာင္ျခင္း/ အသည္းႀကီးျခင္း/အသည္းမာေၾကာၾကမ္းတမ္းျခင္းတို ့အတြက္

၄င္းေဆးေရႊႏြယ္ကို ျပဳတ္၍ ေသာက္ျခင္း။ ဝမ္းဗိုက္ကို လိမ္းေပးျခင္း ျပဳလုပ္မူ အထက္ပါေရာဂါမ်ား ေပ်ာက္ကင္း၏။

အသည္းအားနည္း/အားေပ်ာ့ျခင္းအတြက္ ၄င္းေရႊႏြယ္ကို ျပဳတ္၍ ၄င္းျပဳတ္ရည္သက္သက္ကို၄င္း ။ အျခားေဆးဘက္မ်ားႏွင့္၄င္းေသာက္မူ အသည္းကို မ်ားစြာအားေပး၏။

ေသြးေဖာက္ျပန္ေရာဂါ

၄င္းေဆးေရႊႏြယ္ ၅-က်ပ္ ။ တြင္းနက္ကတိုးျမစ္ ၅-က်ပ္ ။ ေရ ၆၀-က်ပ္သားႏွင့္ ထက္ဝက္ခန္းေအာင္ က်ိဳ၍ ၄င္းေဆးတြင္ ပ်ားရည္သင့္ေတာ္ရံုစပ္၍ တခြက္စာ ေၾကြဇြန္းႀကီး ၃-ဇြန္းမ်ွ တေန ့ ၃-ႀကိမ္ေသာက္ပါမူ ေသြးေဖာက္ျပန္ေသာေရာဂါမ်ား ေပ်ာက္ကင္း၏။

ဝမ္းေရာင္ ဝမ္းေၾကာတင္းေရာဂါ

ဝမ္းေရာင္ ဝမ္းေၾကာတင္း အစာမေၾက ေလခ်ဥ္တက္ျခင္းျဖစ္မူ ၄င္းေဆးေရႊႏြယ္ကို က်က္က်က္က်ိဳ၍ ဝမ္းဗိုက္ကို လိမ္းေပးမူ ေဖာ္ျပပါေရာဂါမ်ားႏွင့္တကြ ဝမ္းဗိုက္နာက်င္ျခင္းမ်ား ေပ်ာက္ကင္း၏။

မက်က္ႏိုင္ေသာအနာေဟာင္းမ်ား

ေဆးေရႊႏြယ္မႈန္ ့ ခ်င္းေျခာက္မႈန္ ့ ၂-မ်ိဳး ဆတူျပဳျပီးလ်ွင္ ေထာပတ္ႏွင့္ေဖ်ာ္၍ အနာအို အနာေဟာင္းမ်ားသို ့ လိမ္းေပးမူ အသားႏုမ်ားတက္၍ အနာမ်ားအက်က္ျမန္လိမ့္မည္။

ယားနာမ်ိဳးစံု

၄င္းေဆးေရႊႏြယ္ကို ညက္စြာႀကိတ္၍ ေရႏွင့္မပ်စ္မက်ဲ ေဖ်ာ္၍ ယားနာမ်ားကို လိမ္းေပးမူ ျမန္စြာေပ်ာက္ကင္း၏။

အေရျပားလိမ္းေဆး

အေရျပားေရာဂါမ်ား အျခားအတြင္းေဆးမ်ားစားေသာ္၄င္း။ မစားေသာ္၄င္း အဆိုပါေရႊႏြယ္ကို ျပဳတ္၍ ေရခ်ိဳးေပးျခင္း လူးေပးလိမ္းေပးျခင္း ျပဳလုပ္ပါမူ မ်ားစြာအက်ိဳးရွိ၏။

ေရငတ္ေရာဂါ

အဖ်ားအားႀကီး၍ ေရငတ္ျခင္း ေက်ာက္ ဝက္သက္စေသာေရာဂါ ဝမ္းေရာဂါျဖစ္၍၄င္း ရိုးရိုးေရငတ္ေရာဂါမ်ားကို၄င္း ေရႊႏြယ္ကို ျပဳတ္၍ ေရသေဘာေသာက္မူ ေရငတ္ေရာဂါမ်ား ေပ်ာက္ကင္း၏။

ေသြးဆိုးပြားေရာဂါ

ေသြးသားမစင္ၾကယ္ျခင္း ယားယံျခင္းတို ့အတြက္ ေရႊႏြယ္ကို က်ိဳ၍ေသာက္မူ ေသြးသားစင္ၾကယ္ေစ၏။

ဝမ္းဗိုက္ထိုးက်င္ျခင္း

ေအာက္သို ့ ေလမစုန္ဘဲ ဝမ္းဗိုက္တင္းၾကပ္နာက်င္မူ ေရႊႏြယ္ကိုက်ိဳ၍ ဝမ္းဗိုက္တြင္ လိမ္းေပး၍ အဝတ္ႏွင့္ပတ္ထားမူ ေအာက္သို ့ေလစုန္၍ ဝမ္းဗိုက္နာျခင္း ေပ်ာက္ကင္း၏။ All credit goes to Ko Thura Htay Aung and thank you

Unicode version အသဲခြောက်ပြီး ရေဖြင်းဆွဲ ရောဂါအတွက် ဆေးကောင်းတခွက်

အသဲဆရာဝန်ကြီး နဲ့ ကုနေတာ အသဲလည်း တခြမ်လှီးထားပြီးပြီ တလဘဲ ခံတော့မယ် ပြောပါတယ်။

အခု ပုံပါ ရွှေနွယ် အပင်ကို ၃ခွက် ၁ခွက် ကြိုသောက်တာ တော်တော်ကြီး ပြန်လည် ကျန်းမာ လာတာ ကိုယ်တွေ့မို့ ပြန်လည် ဝေမျပေးလိုက်ပါတယ်။

ဒီအပင်ကတော့ ရှားတယ်ပြောတယ်။ Tin Aung

အသည်းနဲ ့သက်ဆိုင်တဲ့သူများအတွက် အထူးစိတ်ဝင်စားစရာ ကောင်းတဲ့ နွယ်ပင်ပါ။ အညွှန် ့အရွက်အနုတို ့စား ရင်တောင် အရွယ်တင်နုပျိုစေတယ်လို ့လည်း ဆိုထားပါတယ်။ ရွှေနွယ်ပင်တွယ်ကပ်ပေါက်ရာ အပင်၏ ရသမှာလည်း ရွှေနွယ်ပင်အပေါ် သက်ရောက်မှုရှိတယ်လို ့ ဆိုထားပါတယ်။

ဂုဏ်နှင့်စွမ်းရည်

၄င်းဆေးရွှေနွယ်သည် ချို၏။ ထက်မြက်၏။ သည်းခြေနှင့်စပ်လျဉ်းသော ရောဂါများကို နိုင်နင်း၏။

ရောဂါအလိုက်အသုံးပြုပုံ

အသည်းရောင်ခြင်း/ အသည်းကြီးခြင်း/အသည်းမာကြောကြမ်းတမ်းခြင်းတို ့အတွက်

၄င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း။ ဝမ်းဗိုက်ကို လိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါများ ပျောက်ကင်း၏။

အသည်းအားနည်း/အားပျော့ခြင်းအတွက် ၄င်းရွှေနွယ်ကို ပြုတ်၍ ၄င်းပြုတ်ရည်သက်သက်ကို၄င်း ။ အခြားဆေးဘက်များနှင့်၄င်းသောက်မူ အသည်းကို များစွာအားပေး၏။

သွေးဖောက်ပြန်ရောဂါ

၄င်းဆေးရွှေနွယ် ၅-ကျပ် ။ တွင်းနက်ကတိုးမြစ် ၅-ကျပ် ။ ရေ ၆၀-ကျပ်သားနှင့် ထက်ဝက်ခန်းအောင် ကျို၍ ၄င်းဆေးတွင် ပျားရည်သင့်တော်ရုံစပ်၍ တခွက်စာ ကြွေဇွန်းကြီး ၃-ဇွန်းမျှ တနေ ့ ၃-ကြိမ်သောက်ပါမူ သွေးဖောက်ပြန်သောရောဂါများ ပျောက်ကင်း၏။

ဝမ်းရောင် ဝမ်းကြောတင်းရောဂါ

ဝမ်းရောင် ဝမ်းကြောတင်း အစာမကြေ လေချဉ်တက်ခြင်းဖြစ်မူ ၄င်းဆေးရွှေနွယ်ကို ကျက်ကျက်ကျို၍ ဝမ်းဗိုက်ကို လိမ်းပေးမူ ဖော်ပြပါရောဂါများနှင့်တကွ ဝမ်းဗိုက်နာကျင်ခြင်းများ ပျောက်ကင်း၏။

မကျက်နိုင်သောအနာဟောင်းများ

ဆေးရွှေနွယ်မှုန် ့ ချင်းခြောက်မှုန် ့ ၂-မျိုး ဆတူပြုပြီးလျှင် ထောပတ်နှင့်ဖျော်၍ အနာအို အနာဟောင်းများသို ့ လိမ်းပေးမူ အသားနုများတက်၍ အနာများအကျက်မြန်လိမ့်မည်။

ယားနာမျိုးစုံ

၄င်းဆေးရွှေနွယ်ကို ညက်စွာကြိတ်၍ ရေနှင့်မပျစ်မကျဲ ဖျော်၍ ယားနာများကို လိမ်းပေးမူ မြန်စွာပျောက်ကင်း၏။

အရေပြားလိမ်းဆေး

အရေပြားရောဂါများ အခြားအတွင်းဆေးများစားသော်၄င်း။ မစားသော်၄င်း အဆိုပါရွှေနွယ်ကို ပြုတ်၍ ရေချိုးပေးခြင်း လူးပေးလိမ်းပေးခြင်း ပြုလုပ်ပါမူ များစွာအကျိုးရှိ၏။

ရေငတ်ရောဂါ

အဖျားအားကြီး၍ ရေငတ်ခြင်း ကျောက် ဝက်သက်စသောရောဂါ ဝမ်းရောဂါဖြစ်၍၄င်း ရိုးရိုးရေငတ်ရောဂါများကို၄င်း ရွှေနွယ်ကို ပြုတ်၍ ရေသဘောသောက်မူ ရေငတ်ရောဂါများ ပျောက်ကင်း၏။

သွေးဆိုးပွားရောဂါ

သွေးသားမစင်ကြယ်ခြင်း ယားယံခြင်းတို ့အတွက် ရွှေနွယ်ကို ကျို၍သောက်မူ သွေးသားစင်ကြယ်စေ၏။

ဝမ်းဗိုက်ထိုးကျင်ခြင်း

အောက်သို ့ လေမစုန်ဘဲ ဝမ်းဗိုက်တင်းကြပ်နာကျင်မူ ရွှေနွယ်ကိုကျို၍ ဝမ်းဗိုက်တွင် လိမ်းပေး၍ အဝတ်နှင့်ပတ်ထားမူ အောက်သို ့လေစုန်၍ ဝမ်းဗိုက်နာခြင်း ပျောက်ကင်း၏။ All credit goes to Ko Thura Htay Aung and thank you

Leave a Reply

Your email address will not be published. Required fields are marked *