သိန္း ၃ ေထာင္ေက်ာ္ကုန္က်ထားတဲ့ ေစတီေတာ္ျမတ္ကို မတည္လိုက္တဲ့ ဒိန္းေဒါင္

ဒိန္းေဒါင္

Zawgyi

ပရိသတ္ေတြကို အျမဲတမ္း အေမာေျပေစတဲ့ လူရႊင္ေတာ္ သရုပ္ေဆာင္ ဒိန္းေဒါင္ကိုေတာ့ ျမန္မာတျပည္လံုး ရင္ႏွီးျပီးသား ျဖစ္မွာပါ။

ဘယ္သူနဲ႔မွမတူတဲ့ ပ်က္လံုးေတြ သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္အခိုင္အမာ ရရွိထားတဲ့ လူရႊင္ေတာ္လည္း ျဖစ္ပါတယ္။

ဒိန္းေဒါင္ကေတာ့ အားေပးတဲ့ ပရိသတ္မ်ားတာေၾကာင့္ ပြဲေတြလည္း အဆက္မျပတ္သြားကရတဲ့ လူရႊင္ေတာ္လည္း ျဖစ္ပါတယ္။

သူ႔အေနနဲ႔ ရရွိတဲ့ အႏုပညာေၾကးေလးေတြကို ႏွစ္နဲ႔ခ်ီဆုျပီး လက္ရွိမွာေတာ့ ေစတီေတာ္ျမတ္ၾကီးတခုကို မတည္ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။

ပရဟိတကို အျမဲတမ္းလႈပ္ကိုင္ျပီး လူရႊင္ေတာ္အဖြဲ႔အတြက္လည္း အျမဲတမ္းေရွ႔ကေန ဦးေဆာင္ေပးတဲ့ ဒိန္းေဒါင္ကေတာ့

သိန္း ၃ ေထာင္ေက်ာ္ေလာက္ ကုန္က်ထားတဲ့ မိဘေက်းဇူးဆပ္ အနႏၱေမတၱာရွင္ ေစတီေတာ္ျမတ္ကို မတည္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

MC နဲ႔ အင္တာဗ်ဴးမွာေတာ့ ဒိန္းေဒါင္က “ဒီဘုရားကို ထီးတင္ပြဲမွာ ဆိုးဆိုးရြားရြားေတြၾကီး ျဖစ္ခဲ့တယ္။ အေႏွာက္အယွက္ဆိုတာ ရွိတာေပါ့။

ကြ်န္ေတာ့္ကို ဝင္ပူးျပီးေတာ့ ေျပာတာေတြလည္း ရွိတယ္။ ဘယ္လိုေဘးပဲ ေရာက္ေရာက္ အျပင္ထြက္တိုင္း အေမ့ကို ကန္ေတာ့ျပီးေတာ့ ထြက္ေတာ့

ဒုကၡၾကီးၾကီးမားမား ဘယ္ေတာ့မွေတာ့ မေရာက္ဖူးပါဘူး။ ကြ်န္ေတာ့္က မိဘေက်းဇူးကို ဆပ္ခ်င္တဲ့စိတ္ရွိေတာ့ ဆရာေတာ္က မိဘေက်းဇူးဆပ္

အနႏၱေမတၱာရွင္ ေစတီေတာ္ျမတ္ဆိုျပီး ဖြဲ႔ေပးတာပါ”

ဘယ္ေလာက္ကုန္က်သြားလဲဆိုတဲ့ ေမးခြန္းကိုေတာ့ “ခန္႔မွန္းေခ်အရဆိုရင္ေတ့ာ ေျမဖိုးေတြေရာ ဘာေတြေရာဆိုေတာ့ သိန္း ၃ ေထာင္ထက္ မနည္းဘူးေပါ့။

ဘုရားကိုတည္တယ္ဆိုတာ ဒါပထမဆံုးပါပဲ။ ေရွးေဟာင္းဘုရားေတြကို ျပဳျပင္တယ္။ ထီးတင္တယ္ဆိုတာကေတာ့ မေရတြက္ႏိုင္ေတာ့ပါဘူး။

ကြ်န္ေတာ္ဒီဘုရားကို စတည္ဖို႔အတြက္ ေငြက်ပ္ သိန္း ၆၀၀ စတင္ျပီးေတာ့ မတည္ပါတယ္။ တပံုထဲေပးတာေတာ့ မဟုတ္ဘူးေပါ့။ ပြဲခရလိုက္

လာျပီးေတာ့ ထည့္လိုက္ေပါ့။ ကေတာ့ မကဘူးေပါ့။ တပံုထဲတခဲထဲကေတာ့ သိန္း ၆၀၀ ေလာက္ေပါ့။

ျပီးေတာ့ ၇ ရက္သားသမီးအလွဴရွင္ေတြလည္း အမ်ားၾကီး ရွိပါတယ္။ ကြ်န္ေတာ္ကေတာ့ ဒီဘုရားၾကီး ျဖစ္ေျမာက္ဖို႔အတြက္ ပထမဆံုး မတည္တဲ့ အလွဴဒါယကာ ျဖစ္သြားတာေပါ့”

“လြန္ခဲ့တ့ဲ ၉ ႏွစ္ပတ္ဝန္းက်င္ေလာက္က ဆရာေတာ္နဲ႔ ကြ်န္ေတာ္နဲ႔ ဘုရားတည္ဖို႔ဆို လိုက္ရွာျပီးေတာ့ ဒီသေျပျခံၾကီးကို ဝယ္ခဲ့တာ။

ျပီးေတ့ာ လူရႊင္ေတာ္ အသင္းမွာလည္း လူရႊင္ေတာ္ အသင္းပိုင္ဆိုျပီးေတာ့ ကြ်န္ေတာ္တို႔ ျပန္လွဴတယ္။ လူရႊင္ေတာ္ အသင္းအတြက္

လိုအပ္တာက သက္ၾကီးဘိုးဘြားရိပ္သာေပါ့။ အဲ့ေၾကာင့္ ဘုရားရဲ့ ဟိုဖက္မွာ သက္ၾကီး ဘိုးဘြားရိပ္သာကို လက္ရွိမွာ ေဆာက္ေနတယ္။

ဒီဘုရားေျမကိုေတာ့ သာသနာ့နယ္ေျမ အျဖစ္သတ္မွတ္ျပီးေတာ့ ဟိုဖက္က ေျမကြက္ေတြကိုလည္း အလွဴရွင္ေတြက ဝယ္ယူေပးတာေၾကာင့္ အက်ယ္ၾကီးျဖစ္သြားတာပါ”

“ကြ်န္ေတာ္ဒီလို လွဴႏိုင္တယ္ဆိုတာကလည္း ပရိသတ္ေတြက ဒိန္းေဒါင္ဆိုတဲ့ နာမည္ေလးတလံုးကို ရင္ဘတ္ထဲ ထည့္ထားေပးလို႔ ပြဲေတြငွားၾကလို႔

ရုပ္ရွင္ေတြ ရိုက္ရလို႔ ဗီဒီယိုေတြရိုက္ရလို႔။ ကြ်န္ေတာ့္ ေခြ်းနဲစာေလးနဲ႔ လွဴႏိုင္တာပါ။ ပရိသတ္ေတြက အားမေပးေတာ့ဘူးဆိုရင္ ဒီအလွဴကလွဴႏိုင္မွာ မဟုတ္ပါဘူး။

တကမာၻလံုးက ၇ ရက္သားသမီးေတြန႔ဲ ဆိုင္တယ္။ ကြ်န္ေတာ္ဒီလိုလွဴႏိုင္တာက။ တကမာၻလံုးေျပာတာက ကြ်န္ေတာ့္အေနနဲ႔ တျခားႏိုင္ငံေတြမွာလည္း ပြဲငွားလို႔ သြားကရတာေတြ

ရွိတာေရာ။ ရခဲ့တဲ့ ပိုက္ဆံေတြလည္း ဒီထဲမွာလွဴရတာကို ဆရာေတာ္ကိုလည္း အခါခါျပည့္ေအာင္ ေပးခဲ့ရတာပါ။ တခါတည္းေပးႏိုင္တဲ့

အစြမ္း ကြ်န္ေတာ့္မွာေတာ့ မရွိပါဘူး။ ဒါေၾကာင့္ မည္သူမဆိုလာေရာက္ျပီးေတာ့ မုဒိသာ ပြားလို႔ရပါတယ္။ ကြ်န္ေတာ္တေယာက္ထဲ

အလွဴဆိုတာထက္ ၇ ရက္သားသမီးအားလံုးနဲ႔ဆိုင္တဲ့ အလွဴပါ” ဟု ေျပာၾကားသြားခ့ဲပါတယ္။

Credit – nanmalgyi

Unicode

ပရိသတ်တွေကို အမြဲတမ်း အမောပြေစေတဲ့ လူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်ကိုတော့ မြန်မာတပြည်လုံး ရင်နှီးပြီးသား ဖြစ်မှာပါ။

ဘယ်သူနဲ့မှမတူတဲ့ ပျက်လုံးတွေ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်အခိုင်အမာ ရရှိထားတဲ့ လူရွှင်တော်လည်း ဖြစ်ပါတယ်။

ဒိန်းဒေါင်ကတော့ အားပေးတဲ့ ပရိသတ်များတာကြောင့် ပွဲတွေလည်း အဆက်မပြတ်သွားကရတဲ့ လူရွှင်တော်လည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ ရရှိတဲ့ အနုပညာကြေးလေးတွေကို နှစ်နဲ့ချီဆုပြီး လက်ရှိမှာတော့ စေတီတော်မြတ်ကြီးတခုကို မတည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပရဟိတကို အမြဲတမ်းလှုပ်ကိုင်ပြီး လူရွှင်တော်အဖွဲ့အတွက်လည်း အမြဲတမ်းရှေ့ကနေ ဦးဆောင်ပေးတဲ့ ဒိန်းဒေါင်ကတော့

သိန်း ၃ ထောင်ကျော်လောက် ကုန်ကျထားတဲ့ မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင် စေတီတော်မြတ်ကို မတည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

MC နဲ့ အင်တာဗျူးမှာတော့ ဒိန်းဒေါင်က “ဒီဘုရားကို ထီးတင်ပွဲမှာ ဆိုးဆိုးရွားရွားတွေကြီး ဖြစ်ခဲ့တယ်။ အနှောက်အယှက်ဆိုတာ

ရှိတာပေါ့။ ကျွန်တော့်ကို ဝင်ပူးပြီးတော့ ပြောတာတွေလည်း ရှိတယ်။ ဘယ်လိုဘေးပဲ ရောက်ရောက် အပြင်ထွက်တိုင်း အမေ့ကို

ကန်တော့ပြီးတော့ ထွက်တော့ ဒုက္ခကြီးကြီးမားမား ဘယ်တော့မှတော့ မရောက်ဖူးပါဘူး။ ကျွန်တော့်က မိဘကျေးဇူးကို ဆပ်ချင်တဲ့စိတ်ရှိတော့

ဆရာတော်က မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင် စေတီတော်မြတ်ဆိုပြီး ဖွဲ့ပေးတာပါ”

ဘယ်လောက်ကုန်ကျသွားလဲဆိုတဲ့ မေးခွန်းကိုတော့ “ခန့်မှန်းချေအရဆိုရင်တေ့ာ မြေဖိုးတွေရော ဘာတွေရောဆိုတော့ သိန်း ၃ ထောင်ထက် မနည်းဘူးပေါ့။

ဘုရားကိုတည်တယ်ဆိုတာ ဒါပထမဆုံးပါပဲ။ ရှေးဟောင်းဘုရားတွေကို ပြုပြင်တယ်။ ထီးတင်တယ်ဆိုတာကတော့ မရေတွက်နိုင်တော့ပါဘူး။

ကျွန်တော်ဒီဘုရားကို စတည်ဖို့အတွက် ငွေကျပ် သိန်း ၆၀၀ စတင်ပြီးတော့ မတည်ပါတယ်။ တပုံထဲပေးတာတော့ မဟုတ်ဘူးပေါ့။ ပွဲခရလိုက်

လာပြီးတော့ ထည့်လိုက်ပေါ့။ ကတော့ မကဘူးပေါ့။ တပုံထဲတခဲထဲကတော့ သိန်း ၆၀၀ လောက်ပေါ့။ ပြီးတော့ ရ ရက်သားသမီးအလှူရှင်တွေလည်း

အများကြီး ရှိပါတယ်။ ကျွန်တော်ကတော့ ဒီဘုရားကြီး ဖြစ်မြောက်ဖို့အတွက် ပထမဆုံး မတည်တဲ့ အလှူဒါယကာ ဖြစ်သွားတာပေါ့”

“လွန်ခဲ့တဲ့ ၉ နှစ်ပတ်ဝန်းကျင်လောက်က ဆရာတော်နဲ့ ကျွန်တော်နဲ့ ဘုရားတည်ဖို့ဆို လိုက်ရှာပြီးတော့ ဒီသပြေခြံကြီးကို ဝယ်ခဲ့တာ။

ပြီးတေ့ာ လူရွှင်တော် အသင်းမှာလည်း လူရွှင်တော် အသင်းပိုင်ဆိုပြီးတော့ ကျွန်တော်တို့ ပြန်လှူတယ်။ လူရွှင်တော် အသင်းအတွက်

လိုအပ်တာက သက်ကြီးဘိုးဘွားရိပ်သာပေါ့။ အဲ့ကြောင့် ဘုရားရဲ့ ဟိုဖက်မှာ သက်ကြီး ဘိုးဘွားရိပ်သာကို လက်ရှိမှာ ဆောက်နေတယ်။

ဒီဘုရားမြေကိုတော့ သာသနာ့နယ်မြေ အဖြစ်သတ်မှတ်ပြီးတော့ ဟိုဖက်က မြေကွက်တွေကိုလည်း အလှူရှင်တွေက ဝယ်ယူပေးတာကြောင့် အကျယ်ကြီးဖြစ်သွားတာပါ”

“ကျွန်တော်ဒီလို လှူနိုင်တယ်ဆိုတာကလည်း ပရိသတ်တွေက ဒိန်းဒေါင်ဆိုတဲ့ နာမည်လေးတလုံးကို ရင်ဘတ်ထဲ ထည့်ထားပေးလို့

ပွဲတွေငှားကြလို့ ရုပ်ရှင်တွေ ရိုက်ရလို့ ဗီဒီယိုတွေရိုက်ရလို့။ ကျွန်တော့် ချွေးနဲစာလေးနဲ့ လှူနိုင်တာပါ။ ပရိသတ်တွေက အားမပေးတော့ဘူးဆိုရင်

ဒီအလှူကလှူနိုင်မှာ မဟုတ်ပါဘူး။ တကမ္ဘာလုံးက ရ ရက်သားသမီးတွေနဲ့ ဆိုင်တယ်။ ကျွန်တော်ဒီလိုလှူနိုင်တာက။ တကမ္ဘာလုံးပြောတာက

ကျွန်တော့်အနေနဲ့ တခြားနိုင်ငံတွေမှာလည်း ပွဲငှားလို့ သွားကရတာတွေ ရှိတာရော။ ရခဲ့တဲ့ ပိုက်ဆံတွေလည်း ဒီထဲမှာလှူရတာကို

ဆရာတော်ကိုလည်း အခါခါပြည့်အောင် ပေးခဲ့ရတာပါ။ တခါတည်းပေးနိုင်တဲ့ အစွမ်း ကျွန်တော့်မှာတော့ မရှိပါဘူး။

ဒါကြောင့် မည်သူမဆိုလာရောက်ပြီးတော့ မုဒိသာ ပွားလို့ရပါတယ်။ ကျွန်တော်တယောက်ထဲ အလှူဆိုတာထက်

ရ ရက်သားသမီးအားလုံးနဲ့ဆိုင်တဲ့ အလှူပါ” ဟု ပြောကြားသွားခဲ့ပါတယ်။

Credit – nanmalgyi

Leave a Reply

Your email address will not be published. Required fields are marked *