လွ်ာကဲြ၊ လွ်ာနာ၊ လွ်ာ အဖု အပိန္႔ ထြက္တာကို ေပ်ာက္ကင္းေစမဲ့ ေဆးနည္း

လွ်ာကဲြ၊ လွ်ာနာ၊

ေဇာ္ဂ်ီ ေတာင္ေ၀ွး ေဆးေတာ္ပင္ကို အခ်ိဳ႕ အလွစိုက္ၾကျခင္း၊ ဘုရားပန္းအိုး ထိုးျခင္း ျပဳၾကပါသည္။ အမ်ိဳးသမီးမ်ားအတြက္ ေဇာ္ဂ်ီ ေတာင္ေ၀ွးေဆး အသံုး တင္ျပခဲ႔ျပီး ျဖစ္ပါသည္။

တစ္ခါတစ္ရံ လွ်ာေပၚတြင္ အဖုအပိန္႔ ထြက္ျခင္း၊ လွ်ာကဲြ၊ လွ်ာနာျဖစ္ပါက ေဇာ္ဂ်ီ ေတာင္ေ၀ွးပင္၏ အျမစ္အား ေက်ာက္ပ်ဥ္တြင္ ဆား အနည္း ငယ္ေလးထည့္ကာ ေသြးျပီး ထိုေဆးရည္ျဖင့္ လွ်ာကိုႏွဳိက္ေပးျခင္း၊ လွ်ာေပၚတင္ျခင္း ျပဳလုပ္ေပးလိုက္ပါ။ ေပ်ာက္ကင္း သက္သာသြားပါမည္။

အူေရာင္ျခင္း

ေဇာ္ဂ်ီေတာင္ေ၀ွး ပဥၥ (၅) ပါးအား ေရတစ္ဖလားျဖင့္ တစ္၀က္တင္ေအာင္ ျပဳတ္ပါ။ ထိုေဆးရည္ကို ထန္း လွ်က္ (၁၀) သားျဖင့္ ေရာျပီး ျပဳတ္က်ိဳပါ။ ထို ေဆးရည္အား လက္ဖက္ရည္ ပန္းကန္ (၁) ခြက္နံနက္ည ေသာက္ေပးျခင္း ျဖင့္ အူေရာင္ျခင္းကို ေလ်ာ့က် သက္သာ ေပ်ာက္ကင္း ေစပါသည္။

၀မ္းပ်က္၊ ၀မ္းေဖာ၊ ၀မ္းကိုက္

ေဇာ္ဂ်ီ ေတာင္ေ၀ွးရြက္ နုနုေလးမ်ားကို သုပ္စားေပးပါ။ ၀မ္းႏွင့္ ပတ္သက္ေသာ ေရာဂါမ်ား အတြက္ အလြန္ ေကာင္း ပါသည္။ ထိုေၾကာင္႔ ေဆးၾကိတ္ေဇာ္ဂ်ီတို႔ ကိုင္ေသာ ေဆးေတာင္ေ၀ွးကဲ႔သို႔ ေဆးစြမ္းၾကီး၍ ေဇာ္ဂ်ီ ေတာင္ေ၀ွးဟု အမည္မွတ္ခဲ႔သည္ ထင္မိေတာ့သည္။

Credit : ရဲမ်ိဳးသူ (ေဗာဓိျမိဳင္)

(Unicode Version)

လျှာကွဲ၊ လျှာနာ၊ လျှာ အဖု အပိန့် ထွက်တာကို ပျောက်ကင်းစေမဲ့ ဆေးနည်း

ဇော်ဂျီ တောင်ဝှေး ဆေးတော်ပင်ကို အချို့ အလှစိုက်ကြခြင်း၊ ဘုရားပန်းအိုး ထိုးခြင်း ပြုကြပါသည်။ အမျိုးသမီးများအတွက် ဇော်ဂျီ တောင်ဝှေးဆေး အသုံး တင်ပြခဲ့ပြီး ဖြစ်ပါသည်။

တစ်ခါတစ်ရံ လျှာပေါ်တွင် အဖုအပိန့် ထွက်ခြင်း၊ လျှာကွဲ၊ လျှာနာဖြစ်ပါက ဇော်ဂျီ တောင်ဝှေးပင်၏ အမြစ်အား ကျောက်ပျဉ်တွင် ဆား အနည်း ငယ်လေးထည့်ကာ သွေးပြီး ထိုဆေးရည်ဖြင့် လျှာကိုနှိုက်ပေးခြင်း၊ လျှာပေါ်တင်ခြင်း ပြုလုပ်ပေးလိုက်ပါ။ ပျောက်ကင်း သက်သာသွားပါမည်။

အူရောင်ခြင်း

ဇော်ဂျီတောင်ဝှေး ပဥ္စ (၅) ပါးအား ရေတစ်ဖလားဖြင့် တစ်ဝက်တင်အောင် ပြုတ်ပါ။ ထိုဆေးရည်ကို ထန်း လျှက် (၁၀) သားဖြင့် ရောပြီး ပြုတ်ကျိုပါ။ ထို ဆေးရည်အား လက်ဖက်ရည် ပန်းကန် (၁) ခွက်နံနက်ည သောက်ပေးခြင်း ဖြင့် အူရောင်ခြင်းကို လျော့ကျ သက်သာ ပျောက်ကင်း စေပါသည်။

၀မ်းပျက်၊ ၀မ်းဖော၊ ၀မ်းကိုက်

ဇော်ဂျီ တောင်ဝှေးရွက် နုနုလေးများကို သုပ်စားပေးပါ။ ၀မ်းနှင့် ပတ်သက်သော ရောဂါများ အတွက် အလွန် ကောင်း ပါသည်။ ထိုကြောင့် ဆေးကြိတ်ဇော်ဂျီတို့ ကိုင်သော ဆေးတောင်ဝှေးကဲ့သို့ ဆေးစွမ်းကြီး၍ ဇော်ဂျီ တောင်ဝှေးဟု အမည်မှတ်ခဲ့သည် ထင်မိတော့သည်။

Credit : ရဲမျိုးသူ (ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *