ဉာဏ္ေကာင္း၊ပညာတတ္၊ေမာက္မာၿပီး အိမ္ေထာင္ ၂ ဆက္ရွိခဲ့တဲ့ မိန္းမ ၁ ေယာက္ရဲ့ ေက်နပ္သြားတဲ့ ေသနည္း….

ေသနည္း

ဉာဏ္လည္းေကာင္း ပညာလည္းတတ္ ေမာက္မာၿပီး အိမ္ေထာင္ ၂ ဆက္ရွိခဲ့တဲ့ မိန္းမ ၁ ေယာက္ရဲ့ ေက်နပ္သြားတဲ့ ေသနည္း

တစ္ခါက အမ်ိဳးသမီးတစ္ေယာက္ဟာဉာဏ္လည္း ေကာင္းတယ္ပညာလည္း ေတာ္ေတာ္တတ္တယ္အက်ဥ္းေျပာရရင္သူ႔မွာ အိမ္ေထာင္ႏွစ္ဆက္ ရွိခဲ့တယ္ အိမ္ေထာင္ကို ပိုက္ဆံၾကည့္ၿပီး ျပဳခဲ့ေတာ့ အဲဒီအိမ္ေထာင္ ႏွစ္ဆက္လုံးဟာ ကြဲသြားခဲ့တယ္ သားသမီးေတြလည္း ရွိခဲ့ေပမယ့္တစ္ေယာက္နဲ႔မွ မတည့္ဘူးေမာင္ႏွမေတြ ရွိတာလည္း ဘယ္သူနဲ႔မွအဆင္မေျပခဲ့ဘူး..

သူ႔ေလာက္ မလည္တဲ့ေမာင္ေတြ ညီမေတြ အကုန္လုံးကိုလိမ္ညာ လွည့္ဖ်ားၿပီး မိဘအေမြေတြကိုသူ႔လက္ထဲအကုန္နီးပါးရေအာင္ လုပ္ခဲ့တယ္ သူဟာ ကုမၸဏီလုပ္ငန္းေတြ လုပ္တယ္ ၿပီးေတာ့ ခ်မ္းသာတယ္ ေနာက္ေတာ့ သူ အစာအိမ္ေရာဂါျဖစ္ၿပီး ေဆး႐ုံတက္ရတဲ့အခါ အစာအိမ္ကင္ဆာတဲ့ ခြဲလိုက္တယ္

မေပ်ာက္ဘူးအသည္းေရာဂါပါ ထပ္ျဖစ္တယ္ ဘာမွလည္း လုပ္လို႔မရေတာ့ဘူး ေရာဂါရွိေနတဲ့ၾကားက ျမင္သမၽွကိုေအာ္တယ္ ေငါက္တယ္ ေငြနဲ႔ ေျဖရွင္းေစခိုင္းေနတုန္း အဲဒီမွာ ေဆြမ်ိဳးမကင္းတဲ့ ဆရာဝန္မေလးရယ္ သူ႔အတြက္ ငွားေပးတဲ့ စပါယ္ရွယ္နပ္စ္မေလးရယ္ ျပဳစုၾကတယ္ တစ္ခုရွိတာက ႏွစ္ေယာက္စလုံးက တရားဘာဝနာကိစၥမွာ ဝါသနာပါၾကတာ..

နပ္စ္မေလးကို အျမဲေအာ္ေငါက္ေပမယ့္သူ႔အေပၚ အရမ္းကို သည္းခံရွာပါတယ္ သူ စိတ္နည္းနည္း ၾကည္ၿပီထင္ရင္တရားအေၾကာင္းေလးေတြ ေျပာေျပာျပတယ္ တိပ္ေခြဖြင့္ျပမယ္လုပ္ေတာ့…ဘာအေခြလည္း တရားေခြပါအန္တီ ဆိုရင္ သိပ္ပ်င္းစရာေကာင္းတာပဲ လို႔ေျပာေလ့ရွိတယ္ ….

ရံဖန္ရံခါၾကေတာ့လည္း ဖြင့္ ဖြင့္ လို႔ျပန္ေျပာတယ္ တစ္ေန႔ ဆရာေတာ္ဦးေဇာတိကရဲ့ ဘဝဆိုတာ ေက်ာင္း ဆိုတဲ့ အေခြနဲ႔တရားကိုနာမိၿပီး သူေတာ္ေတာ္စဥ္းစားလာတယ္ ဘာမွေတာ့မေျပာဘူး ေနာက္ေန႔ နားေထာင္တယ္ တျဖည္းျဖည္းစိတ္ေျပာင္းလာတယ္..

ဆရာမေလးဟာ အားတက္ၿပီး အေခြေတြထပ္ယူလာေပးတယ္ ခြင့္လႊတ္ပါတယ္ ဆိုတဲ့တရားေခြ အဲဒီအေခြကို သူသိပ္နားမေထာင္ခ်င္ဘူး သူဟာဘာကိုမွ ခြင့္မလႊတ္နိုင္ဘူး ေတာ္ေတာ္ၾကာေနမွ ဖြင့္ၾကည့္လိုက္စမ္း ဆိုၿပီးေျပာလာတယ္….

တရားထဲမွာပါတာက ခြင့္လႊတ္တယ္ဆိုတာ ကိုယ့္ကိုယ္ကို လြတ္လပ္ေအာင္လုပ္တာ ခြင့္မလႊတ္နိုင္ေသးသေရြ႕ ကိုယ့္စိတ္က မလြတ္လပ္နိုင္ဘူးဆိုတာ ပါတယ္ နားေထာင္ရင္း သူနည္းနည္းေတာ့သေဘာေပါက္လာတယ္ေရာဂါေၾကာင့္ သူၾကာၾကာမေနရေတာ့ဘူးဆိုတာကိုသူသိလာပုံရပါတယ္ ။

ေနာက္ေတာ့ သေဘာထားႀကီးပါတယ္ ဆိုတဲ့တရားေခြ သူအမ်ားႀကီးေျပာင္းလဲသြားၿပီ အရင္ေလာက္ မေအာ္မေငါက္ေတာ့ျပဳံးရႊင္လာတယ္ ေကာင္းမြန္လာတယ္ေမတၱာလည္းထားနိုင္လာတယ္..ေမာင္ေတြညီမေတြကိုျပန္ေတြ႕ခ်င္လာတယ္ အေခၚခိုင္းတယ္ ။

ဒါေပမယ့္ ဟိုဘက္ကခံထားရသူေတြက ေသခန္းျဖတ္ထားၾကၿပီ အေတြ႕မခံၾကေတာ့ဘူး အမ်ိဳးမကင္းတဲ့ ဆရာဝန္မေလးကေစ့စပ္ေပးရွာတယ္ေတာင္းေတာင္းပန္ပန္အႀကိမ္ႀကိမ္ေျပာမွ မလာခ်င္လာခ်င္လာၾကေတာ့တယ္ လာၾကေတာ့ သူေျပေျပလည္လည္ေျပာပါတယ္ ။

သူမွားခဲ့တာေတြရွိရင္ သူ႔ကိုခြင့္လႊတ္ပါတဲ့ သူနာထားတဲ့ တရားေခြထဲမွာ ဆရာေတာ္က ေသခါနီးမွာ ကိုယ္ကိုယ္တိုင္က မေက်မနပ္ျဖစ္ေနရတဲ့သူမရွိခ်င္ဘူး ခြင့္လႊတ္ပါတယ္ ကိုယ္မွားခဲ့ရင္လည္ ခြင့္လႊတ္လိုက္ပါ သူတို႔မွားခဲ့လို႔မေက်နပ္တာရွိရင္လည္း အားလုံးကို ခြင့္လႊတ္တဲ့စိတ္နဲ႔ပဲေသခ်င္ပါတယ္ ”း လို႔ပါတယ္..

အဲဒါေလးကို သူ႔စိတ္ထဲမွာသိပ္ခံစားရတယ္ သူလည္းခြင့္လႊတ္တယ္ သူ႔ကိုလည္း ခြင့္လႊတ္ပါဆိုတာကိုသူသိပ္လိုခ်င္ေနတယ္ တျဖည္းျဖည္း တစ္ေယာက္ခ်င္းလာ တလွည့္စီလာ၊ စုလာ ၊ လာရင္းကေနေမာင္ႏွမေတြ ျပန္တည့္ၾကတယ္ ဒီမွာတင္ ဘယ္သူမွမသိေအာင္ တိတ္တိတ္ ေရွ႕ေနေတြေခၚၿပီး ေသတမ္းစာေရးေတာ့တယ္။

အေဝးနိုင္ငံက သားသမီးေတြကိုေခၚတယ္ ေပးသင့္ေပးထိုက္တဲ့ အေမြေတြေပးလိုက္တယ္။ အရင္ကမတရားယူထားတဲ့မိဘအေမြေတြကို ေမာင္ႏွမေတြကို အကုန္ျပန္ေပးတယ္ ေပးမယ္ေျပာၿပီးမွေျပလည္တာမဟုတ္ဘူး ျပန္ေျပလည္ၿပီးမွ ေပးတာ သူ႔ေနာက္ဆုံးအခ်ိန္ေတြဟာ ေတာ္ေတာ္ေအးခ်မ္းလာတယ္ ။

တစ္ႏွစ္ေက်ာ္ေက်ာ္ေလးအတြင္းမွာ တရားေလးနာ တရားေလးအားထုတ္ရင္းစိတ္ထားေတြတျဖည္းျဖည္းေျပာင္းလဲသြားၿပီးၾကည္ၾကည္လင္လင္ ေအးေအးခ်မ္းခ်မ္းနဲ႔ပဲ သူေသသြားခဲ့တယ္ ။ေမာင္ႏွမေတြဆိုသူ႔ေသတမ္းစာနဲ႔ အေမြေတြေပးထားတာေတြေတြ႕ရေတာ့ အႀကီးအက်ယ္ဝမ္းနည္းေတာ့တာ အရင္တုန္းကစိတ္ဆိုးခဲ့တာကိုေတာင္ ျပန္ၿပီးစိတ္မေကာင္းျဖစ္ၾကတယ္ ။

အဲဒါဘာေၾကာင့္လည္း တရားေၾကာင့္ ဘုရားေဟာတဲ့တရားေတာ္ေတြကိုဆရာေတာ္က နားလည္လြယ္ေအာင္ စကားရိုးရိုးနဲ႔ တဆင့္ျပန္ေဟာေပးသြားတာသူမေသခင္ေလးမွာ ခဏ ခဏေျပာသြားတယ္..ငါ ခုလိုစိတ္မ်ိဳးနဲ႔ေသရတာေက်နပ္ပါတယ္ ။တသက္လုံးရခဲ့တဲ့ပစၥည္းဥစၥာေတြဟာ အခုအခ်ိန္မွာငါ့ကို ဘာေက်နပ္မႈမွ မေပးနိုင္ဘူး ။

ဒီလိုစိတ္ထားမ်ိဳးနဲ႔ ဒီလိုအသိဉာဏ္မ်ိဳးေစာေစာစီးစီးကတည္းကေနနိုင္ခဲ့ရင္ဘဝဟာ ပိုၿပီးေက်နပ္စရာေကာင္းမွာပါ တဲ့ဘဝကို အေကာင္းဆုံး ဘယ္လိုေနၾကမလဲ…..(ဆရာေတာ္ဦးေဇာတိက၏ အသက္ရွင္ေနလ်က္ဘဝေသေနသူ တရားေတာ္အား မွီျငမ္းပါသည္။)

ဉာဏ်လည်းကောင်း ပညာလည်းတတ် မောက်မာပြီး အိမ်ထောင် ၂ ဆက်ရှိခဲ့တဲ့ မိန်းမ ၁ ယောက်ရဲ့ ကျေနပ်သွားတဲ့ သေနည်း

တစ်ခါက အမျိုးသမီးတစ်ယောက်ဟာဉာဏ်လည်း ကောင်းတယ်ပညာလည်း တော်တော်တတ်တယ်အကျဉ်းပြောရရင်သူ့မှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့တယ် အိမ်ထောင်ကို ပိုက်ဆံကြည့်ပြီး ပြုခဲ့တော့ အဲဒီအိမ်ထောင် နှစ်ဆက်လုံးဟာ ကွဲသွားခဲ့တယ် သားသမီးတွေလည်း ရှိခဲ့ပေမယ့်တစ်ယောက်နဲ့မှ မတည့်ဘူးမောင်နှမတွေ ရှိတာလည်း ဘယ်သူနဲ့မှအဆင်မပြေခဲ့ဘူး..

သူ့လောက် မလည်တဲ့မောင်တွေ ညီမတွေ အကုန်လုံးကိုလိမ်ညာ လှည့်ဖျားပြီး မိဘအမွေတွေကိုသူ့လက်ထဲအကုန်နီးပါးရအောင် လုပ်ခဲ့တယ် သူဟာ ကုမ္ပဏီလုပ်ငန်းတွေ လုပ်တယ် ပြီးတော့ ချမ်းသာတယ် နောက်တော့ သူ အစာအိမ်ရောဂါဖြစ်ပြီး ဆေးရုံတက်ရတဲ့အခါ အစာအိမ်ကင်ဆာတဲ့ ခွဲလိုက်တယ်

မပျောက်ဘူးအသည်းရောဂါပါ ထပ်ဖြစ်တယ် ဘာမှလည်း လုပ်လို့မရတော့ဘူး ရောဂါရှိနေတဲ့ကြားက မြင်သမျှကိုအော်တယ် ငေါက်တယ် ငွေနဲ့ ဖြေရှင်းစေခိုင်းနေတုန်း အဲဒီမှာ ဆွေမျိုးမကင်းတဲ့ ဆရာဝန်မလေးရယ် သူ့အတွက် ငှားပေးတဲ့ စပါယ်ရှယ်နပ်စ်မလေးရယ် ပြုစုကြတယ် တစ်ခုရှိတာက နှစ်ယောက်စလုံးက တရားဘာဝနာကိစ္စမှာ ဝါသနာပါကြတာ..

နပ်စ်မလေးကို အမြဲအော်ငေါက်ပေမယ့်သူ့အပေါ် အရမ်းကို သည်းခံရှာပါတယ် သူ စိတ်နည်းနည်း ကြည်ပြီထင်ရင်တရားအကြောင်းလေးတွေ ပြောပြောပြတယ် တိပ်ခွေဖွင့်ပြမယ်လုပ်တော့…ဘာအခွေလည်း တရားခွေပါအန်တီ ဆိုရင် သိပ်ပျင်းစရာကောင်းတာပဲ လို့ပြောလေ့ရှိတယ် ….

ရံဖန်ရံခါကြတော့လည်း ဖွင့် ဖွင့် လို့ပြန်ပြောတယ် တစ်နေ့ ဆရာတော်ဦးဇောတိကရဲ့ ဘဝဆိုတာ ကျောင်း ဆိုတဲ့ အခွေနဲ့တရားကိုနာမိပြီး သူတော်တော်စဉ်းစားလာတယ် ဘာမှတော့မပြောဘူး နောက်နေ့ နားထောင်တယ် တဖြည်းဖြည်းစိတ်ပြောင်းလာတယ်..

ဆရာမလေးဟာ အားတက်ပြီး အခွေတွေထပ်ယူလာပေးတယ် ခွင့်လွှတ်ပါတယ် ဆိုတဲ့တရားခွေ အဲဒီအခွေကို သူသိပ်နားမထောင်ချင်ဘူး သူဟာဘာကိုမှ ခွင့်မလွှတ်နိုင်ဘူး တော်တော်ကြာနေမှ ဖွင့်ကြည့်လိုက်စမ်း ဆိုပြီးပြောလာတယ်….

တရားထဲမှာပါတာက ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လွတ်လပ်အောင်လုပ်တာ ခွင့်မလွှတ်နိုင်သေးသရွေ့ ကိုယ့်စိတ်က မလွတ်လပ်နိုင်ဘူးဆိုတာ ပါတယ် နားထောင်ရင်း သူနည်းနည်းတော့သဘောပေါက်လာတယ်ရောဂါကြောင့် သူကြာကြာမနေရတော့ဘူးဆိုတာကိုသူသိလာပုံရပါတယ် ။

နောက်တော့ သဘောထားကြီးပါတယ် ဆိုတဲ့တရားခွေ သူအများကြီးပြောင်းလဲသွားပြီ အရင်လောက် မအော်မငေါက်တော့ပြုံးရွှင်လာတယ် ကောင်းမွန်လာတယ်မေတ္တာလည်းထားနိုင်လာတယ်..မောင်တွေညီမတွေကိုပြန်တွေ့ချင်လာတယ် အခေါ်ခိုင်းတယ် ။

ဒါပေမယ့် ဟိုဘက်ကခံထားရသူတွေက သေခန်းဖြတ်ထားကြပြီ အတွေ့မခံကြတော့ဘူး အမျိုးမကင်းတဲ့ ဆရာဝန်မလေးကစေ့စပ်ပေးရှာတယ်တောင်းတောင်းပန်ပန်အကြိမ်ကြိမ်ပြောမှ မလာချင်လာချင်လာကြတော့တယ် လာကြတော့ သူပြေပြေလည်လည်ပြောပါတယ် ။

သူမှားခဲ့တာတွေရှိရင် သူ့ကိုခွင့်လွှတ်ပါတဲ့ သူနာထားတဲ့ တရားခွေထဲမှာ ဆရာတော်က သေခါနီးမှာ ကိုယ်ကိုယ်တိုင်က မကျေမနပ်ဖြစ်နေရတဲ့သူမရှိချင်ဘူး ခွင့်လွှတ်ပါတယ် ကိုယ်မှားခဲ့ရင်လည် ခွင့်လွှတ်လိုက်ပါ သူတို့မှားခဲ့လို့မကျေနပ်တာရှိရင်လည်း အားလုံးကို ခွင့်လွှတ်တဲ့စိတ်နဲ့ပဲသေချင်ပါတယ် ”း လို့ပါတယ်..

အဲဒါလေးကို သူ့စိတ်ထဲမှာသိပ်ခံစားရတယ် သူလည်းခွင့်လွှတ်တယ် သူ့ကိုလည်း ခွင့်လွှတ်ပါဆိုတာကိုသူသိပ်လိုချင်နေတယ် တဖြည်းဖြည်း တစ်ယောက်ချင်းလာ တလှည့်စီလာ၊ စုလာ ၊ လာရင်းကနေမောင်နှမတွေ ပြန်တည့်ကြတယ် ဒီမှာတင် ဘယ်သူမှမသိအောင် တိတ်တိတ် ရှေ့နေတွေခေါ်ပြီး သေတမ်းစာရေးတော့တယ်။

အဝေးနိုင်ငံက သားသမီးတွေကိုခေါ်တယ် ပေးသင့်ပေးထိုက်တဲ့ အမွေတွေပေးလိုက်တယ်။ အရင်ကမတရားယူထားတဲ့မိဘအမွေတွေကို မောင်နှမတွေကို အကုန်ပြန်ပေးတယ် ပေးမယ်ပြောပြီးမှပြေလည်တာမဟုတ်ဘူး ပြန်ပြေလည်ပြီးမှ ပေးတာ သူ့နောက်ဆုံးအချိန်တွေဟာ တော်တော်အေးချမ်းလာတယ် ။

တစ်နှစ်ကျော်ကျော်လေးအတွင်းမှာ တရားလေးနာ တရားလေးအားထုတ်ရင်းစိတ်ထားတွေတဖြည်းဖြည်းပြောင်းလဲသွားပြီးကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ပဲ သူသေသွားခဲ့တယ် ။မောင်နှမတွေဆိုသူ့သေတမ်းစာနဲ့ အမွေတွေပေးထားတာတွေတွေ့ရတော့ အကြီးအကျယ်ဝမ်းနည်းတော့တာ အရင်တုန်းကစိတ်ဆိုးခဲ့တာကိုတောင် ပြန်ပြီးစိတ်မကောင်းဖြစ်ကြတယ် ။

အဲဒါဘာကြောင့်လည်း တရားကြောင့် ဘုရားဟောတဲ့တရားတော်တွေကိုဆရာတော်က နားလည်လွယ်အောင် စကားရိုးရိုးနဲ့ တဆင့်ပြန်ဟောပေးသွားတာသူမသေခင်လေးမှာ ခဏ ခဏပြောသွားတယ်..ငါ ခုလိုစိတ်မျိုးနဲ့သေရတာကျေနပ်ပါတယ် ။တသက်လုံးရခဲ့တဲ့ပစ္စည်းဥစ္စာတွေဟာ အခုအချိန်မှာငါ့ကို ဘာကျေနပ်မှုမှ မပေးနိုင်ဘူး ။

ဒီလိုစိတ်ထားမျိုးနဲ့ ဒီလိုအသိဉာဏ်မျိုးစောစောစီးစီးကတည်းကနေနိုင်ခဲ့ရင်ဘဝဟာ ပိုပြီးကျေနပ်စရာကောင်းမှာပါ တဲ့ဘဝကို အကောင်းဆုံး ဘယ်လိုနေကြမလဲ…..(ဆရာတော်ဦးဇောတိက၏ အသက်ရှင်နေလျက်ဘဝသေနေသူ တရားတော်အား မှီငြမ်းပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *